ပြည်တွင်းစစ် ရပ်တန့်ဖို့ အလံဖြူလှုပ်ရှားမှု ပြုလုပ်မယ်

ပြည်တွင်းစစ် ရပ်တန့်ဖို့ အလံဖြူလှုပ်ရှားမှု ပြုလုပ်မယ်

လက်ရှိမှာဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေ ရပ်တန့်ဖို့အတွက် အလံဖြူ လှုပ်ရှားမှု တစ်ခုကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ့လှုပ်ရှားမှုကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်က ဦးဆောင်ပြုလုပ်မှာဖြစ်ပြီး ရန်ကုန်တိုင်း အတွင်းက မြို့နယ်တွေက လူဦးရေ(၂၀၀)ပါဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း စစ်ပွဲတွေ ရပ်တန့်ဖို့ အလံဖြူထောင်ပြီးဆောင်ရွက်ကြတဲ့ အတွက် နိုင်ငံတကာရဲ့ သင်္ကေတအတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။br br ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်


User: 7Day TV

Views: 5

Uploaded: 2017-10-06

Duration: 01:07