မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ရဲ့ အနေအထားတွေကို မေးမြန်းတဲ့ မစ္စရန်ဟီးလီ

မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ရဲ့ အနေအထားတွေကို မေးမြန်းတဲ့ မစ္စရန်ဟီးလီ

ရခိုင်နဲ့ကချင်မှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေနေတွေ၊ အကျဉ်းစခန်းတွေရဲ့အခြေနေတွေကို ကော်မရှင် အနေနဲ့ ဘယ်လိုပုံစံနဲ့ဆောင်ရွက်နေတယ်ဆိုတာကို ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီက မေးမြန်းခဲ့ပါတယ်။ မစ္စရန်ဟီးလီဟာ ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ရုံးကိုလာရောက်ခဲ့တာပါ။ မစ္စရန်ဟီးလီက ဒီကနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ NRPC ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်၊ အင်းစိန် အကျဉ်းဦးစီးတို့ကို သွားရောက်ခဲ့ပြီး ညနေပိုင်းမှာ ရခိုင်ကိုသွားရောက်မှာဖြစ်ပါတယ်။ မစ္စရန်ဟီးလီဟာ ကချင်ပြည်နယ်ကစစ်ဘေးရှောင်စခန်း၊ ဇင်းကျိုက်က အကျဉ်းဦးစီး ကုန်ထုတ်စခန်းတွေကိုလည်း သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ မစ္စရန်ဟီးလီရဲ့ ယခုခရီးစဉ်က မြန်မာနိုင်ငံကို ၅ကြိမ်မြောက် လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။br ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်


User: 7Day TV

Views: 4

Uploaded: 2017-10-06

Duration: 02:22

Your Page Title