နယူးဇီလန်တွင် ဝေလငါးကောင်ရေ ၄၀၀ ကျော် သောင်တင်ပြီး ၃၀၀ ခန့် သေဆုံး

နယူးဇီလန်တွင် ဝေလငါးကောင်ရေ ၄၀၀ ကျော် သောင်တင်ပြီး ၃၀၀ ခန့် သေဆုံး

နယူးဇီလန် နိုင်ငံမှာ ဝေလငါး ကောင်ရေ ၄၀၀ ကျော် သောင်တင်နေပြီး အများစုဟာ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရှိရပါတယ်။ဆာက်သမ်းအိုင်းလန်းရှိ ဖဲဝဲလ်စပစ် ကမ်းခြေမှာ လမ်းပြဝေလငါး မျိုးစိတ် အကောင်ရေ ၄၀၀ ကျော် သောင်တင်နေပြီး ၃၀၀ ခန့်ဟာ သေဆုံးသွားခဲ့ပြီးဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အသက်ရှင် ကျန်နေသေးတဲ့ ဝေလငါးတွေကို ကယ်တင်ပြီး ပင်လယ်ထဲကို ပြန်လွှတ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အချိန်လုပြီး ကြိုးစား ဆောင်ရွက်နေကြပါတယ်။ သောင်တင်နေတဲ့ ဝေလငါးအချို့က ရုန်းကန်ပြီး ပင်လယ်ဘက် ပြန်ဆင်းဖို့ ကြိုးစားကြရာ လူအများက ရေထဲဆင်းပြီး လက်ချင်းယှက်ပြီး နယ်နိမိတ် တံတိုင်းသဖွယ် ကာပြီး သူတို့ကို ပင်လယ်ပြင်ဘက် ဦးတည်ဖေို့ လမ်းပြပေးခဲ့ကြပါတယ်။


User: 7Day TV

Views: 20

Uploaded: 2017-10-06

Duration: 01:32

Your Page Title