ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး လက်မှတ်စုတာ နှစ်ထောင်ကျော်ရထား

ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီး လက်မှတ်စုတာ နှစ်ထောင်ကျော်ရထား

ဆရာတော် ဦးဝီရသူရဲ့ ဟောပြောမှုတွေကို ဓမ္မနဲ့အဓမ္မခွဲခြားပေးဖို့ နိုင်ငံတော် သံဃမဟာနာယကထံ တင်ပြရေး လက်မှတ်စုရာတွင် အခုချိန်ထိ လက်မှတ်ပေါင်းနှစ်ထောင်ကျော်ရရှိထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလက်မှတ်ထိုး လှုပ်ရှားမှုဟာ ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေကို နိုင်ငံတော် သံဃ မဟာနာယက အနေနဲ့ ဓမ္မလား အဓမ္မလား ကွဲကွဲပြားပြားကြေညာပေးဖို့ အတွက် ရည်ရွယ်လုပ်ဆောင်နေတာဖြစ်သလို လူတွေအချင်းချင်းကြား အမုန်းတရားတွေ ရပ်တန့် သွားစေဖို့လည်း ရည်ရွယ်တယ်လို့ အဓမ္မဆန့်ကျင်ရေးကော်မတီ ဦးဆောင်သူ ကိုမြတ်ကျော်က ပြောပါတယ်။br br ဒီလက်မှတ်ထိုးလှုပ်ရှားမှုတွေကို အဓမ္မဆန့်ကျင်ရေး ကော်မတီက လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ တာဖြစ်ပြီး လူစည်ကားတဲ့ နေရာတွေမှာ ထပ်မံလုပ်ဆောင်သွားဦးမယ်လို့ ပြောပါတယ်။br br ပြီးခဲ့တဲ့ ဧပြီလထဲမှာ မဟနကို ဆရာတော်ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ ဓမ္မလား အဓမ္မလား ခွဲခြားပေးဖို့ စာတင်ခဲ့ပေမယ့် ထူးခြားမှု မရှိတာကြောင့် အခုလို ဒုတိယအကြိမ်မြောက် စာတင်ဖို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။br br ရုပ်သံသတင်းထောက် - ယဉ်မွန်


User: 7Day TV

Views: 5

Uploaded: 2017-10-07

Duration: 02:09