PEP က ဦးထွန်းထွန်းရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ

PEP က ဦးထွန်းထွန်းရဲ့ ဘဝအချိုးအကွေ့တွေက ဘာတွေလဲ

တခါဖျော် နို့မှုန့်ထုတ်တွေကို ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်မှာ နေရာတစ်ခုအခိုင်အမာရယူနိုင်ခဲ့တဲ့ PEP နို့က လူတန်းစားအားလုံးအတွက် လက်လှမ်းမီတဲ့ ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့တာပါ။br br ဒီတပတ်ရဲ့ Turning Point မှာတော့ PEP နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နေတဲ့ Red Horse Dairy In dustries က ဦးထွန်းထွန်းရဲ့ ဘဝအချိုးအကွေ့တွေကို တင်ဆက်ပေးထားပါတယ်။ br br ငွေ ၂၀၀ နဲ့ အိမ်ကထွက်လာတဲ့ လူငယ်တစ်ယောက်က သူငယ်ချင်းဆီကနေ ပိုက်ဆံချေးပြီး အစားအသောက်လုပ်ငန်းတစ်ခုကို စတင်ခဲ့ရာကနေ ဒီနေ့ အခြေအနေ ရောက်တဲ့ အထိ သူဘယ်လို အချိုးအကွေ့တွေကို ဖြတ်သန်းခဲ့သလဲဆိုတာကို ဦးထွန်းထွန်းက ပြောပြပေးထားတာပါ ။br br အောင်မြင်မှုပန်းတိုင်တွေဆီလျောက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲ အချိုးအကွေ့တွေကို သူတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ ဆိုတာကို 7Day TV ရဲ့ Turning Point အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ။br br 7Day TV ရဲ့ Turning Point အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ညတိုင်းမှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။


User: 7Day TV

Views: 1

Uploaded: 2017-10-07

Duration: 13:41

Your Page Title