မြန်မာနိုင်ငံက မသန်စွမ်းသူတွေရဲ့အခြေအနေ ကို ကုလထံ အစီရင်ခံစာတင်မယ်

မြန်မာနိုင်ငံက မသန်စွမ်းသူတွေရဲ့အခြေအနေ ကို ကုလထံ အစီရင်ခံစာတင်မယ်

မြန်မာနိုင်ငံက မသန်စွမ်းသူတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကို သုတေသနပြုထားတဲ့အစီရင်ခံစာ တစ်စောင်ကို ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကော်မတီကို အခုနှစ်အတွင်း တင်သွင်း တော့မှာပါ။အဲဒီအစီရင်ခံစာကို မသန်စွမ်းသူများ အသင်း အဖွဲ့ ၁၂ ဖွဲ့ ပူးပေါင်းပြီး နှစ်နှစ်အချိန်ယူပြီး သုတေသန ပြု လုပ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်က တင်သွင်းမှာဖြစ်ပါတယ်။br br မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတာဖြစ်ပြီး စာချုပ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ကနဦးအစီရင်ခံစာ တစ်စောင် ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် က အစိုးရက ကုလသမဂ္ဂကိုတင်သွင်းထားခဲ့တာပါ။အခုနှစ်မှာ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်က တင်သွင်းမယ့်အစီရင်ခံစာကတော့ အစိုးရ ရဲ့ အစီရင်ခံစာကို နှိုင်းယှဉ်သုံးသပ်တဲ့အစီရင်ခံစာပဲဖြစ်ပါတယ်။br br အခုနှစ်မှာတင်သွင်းမယ့် အစီရင်ခံစာမှာတော့ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးစာချုပ်ထဲမှာ ပါဝင်တဲ့ အခန်းတစ်ခုချင်းစီတိုင်းက အချက်အလက်တွေနဲ့ အစိုးရက တင်သွင်းတဲ့ အချက်အလက် တစ်ခုချင်းစီတိုင်းကို နှိုင်းယှဉ်ပြီး ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး ၊ ဥပဒေအကာအကွယ် စတာတွေကို ပြန်လည်သုံးသပ်တင်ပြတာပါ။မသန်စွမ်းသူများအခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့တာပါ။မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေဟာ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ၂ ဒသမ ၃ သန်း ကျော်ရှိတယ်လို့ သိရပါတယ်။br br ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ


User: 7Day TV

Views: 3

Uploaded: 2017-10-07

Duration: 02:09