Dulwich College Yangon ရဲ့ ဒုတိယမြောက်ကျောင်း

Dulwich College Yangon ရဲ့ ဒုတိယမြောက်ကျောင်း

Dulwich College Yangon ရဲ့ ဒုတိယမြောက်ကျောင်းကို သြဂုတ်လအတွင်းက သန်လျင်မြို့ ၊ကြယ်စင်ဥယျဉ်အိမ်ရာမှာ ဖွင့်လှစ်ခဲ့ပါတယ်။br br ကျောင်းဝင်းထဲမှာ သိပ္ပံဓာတ်ခွဲခန်းများ၊ အနုပညာနဲ့ ဒီဇိုင်းစတူဒီယိုခန်းများ ၊ စာကြည့်တိုက်တွေနဲ့ ၊ကမ္ဘာ့အဆင့်မီ သင်ထောက်ကူ စာသင်ခန်းတွေ ပါဝင်ပါတယ်။ ကျောင်းဝင်းက ဧက ၅၀ ကျယ်ဝန်းပြီး ၊ အခု ၂၀၁၇ အတွင်းမှာတော့ ကျောင်းရဲ့ အပိုင်း (၁) ဖြစ်တဲ့ မူလတန်းဆောင်တည်ဆောက်မှုပြီးစီးလို့ ကျောင်းသား၊ ကျောင်းသူတွေကို စတင်လက်ခံသင်ကြားပေးနေပြီ ဖြစ်ပါတယ်။br br လာမယ့် ၂၀၁၈ အစောပိုင်းမှာတော့ အိုလံပစ် အဆင့်မီရေကူးကန် ၊ မိုးလုံလေလုံ အားကစားရုံနဲ့ အားကစားကွင်းတွေကို ဆက်လက်ဖွင့်လှစ်သွားမှာလို့ သိရပါတယ်။ Dulwich College Yangon ကျောင်းဝင်ခွင့်ကိုတော့ စိစစ်လက်ခံဆောင်ရွက်လျှက် ရှိပြီး၊ အခုလက်ရှိမှာ အသက် ၂ နှစ်ကနေ ၁၃ နှစ်အရွယ်အထိ ကလေးတွေကို အလယ်တန်းအထိ ပညာသင်ကြားပေးနေတာပါ။ br br နောက်နှစ်တွေမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားကျောင်းသူတွေအထိ လက်ခံနိုင်ပြီး ၁၃ တန်းအထိ ပို့ချနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။ ဘာသာစကားသင်ကြားမှုပိုင်းတွေမှာလည်း အင်္ဂလိပ်ဘာသာစကား၊ မြန်မာဘာသာစကားနဲ့ တရုတ်ဘာသာစကားတွေကို အဓိကသင်ကြားပေးနေတာပါ။br br ၂၀၀၃ ခုနှစ်က စပြီး Dulwich College International ကျောင်း ၆ ကျောင်းကို တရုတ် ၊ကိုရီးယားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်သြဂုတ်လမှာတော့ မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့ရှိ၊ လှိုင်သာယာ ပန်းလှိုင်အိမ်ရာမှာ မှာ ဖွင့်လှစ်ခဲ့တာပါ။


User: 7Day TV

Views: 2

Uploaded: 2017-10-07

Duration: 03:00