ဂျပန်စာကို နှစ်လပဲသင်ပြီး “ဇာတိမြေ” ဇာတ်ကားမှာသရုပ်ဆောင်ခဲ့ရတဲ့ ဝတ်မှုံရွှေရည်ဇူလိုင် - ၃၀၊၂၀၁၈“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂျပန်စကားလုံးတချို့မပီသတာနဲ့ ပ

ဂျပန်စာကို နှစ်လပဲသင်ပြီး “ဇာတိမြေ” ဇာတ်ကားမှာသရုပ်ဆောင်ခဲ့ရတဲ့ ဝတ်မှုံရွှေရည်ဇူလိုင် - ၃၀၊၂၀၁၈“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂျပန်စကားလုံးတချို့မပီသတာနဲ့ ပ

ဂျပန်စာကို နှစ်လပဲသင်ပြီး “ဇာတိမြေ” ဇာတ်ကားမှာသရုပ်ဆောင်ခဲ့ရတဲ့ ဝတ်မှုံရွှေရည်br br ဇူလိုင် - ၃၀၊၂၀၁၈br br “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂျပန်စကားလုံးတချို့မပီသတာနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ဝတ်မှုံရွှေရည် က ဂျပန်စကားကို ရုပ်ရှင်မရိုက်ခင် နှစ်လအလိုမှ သင်ယူခဲ့ရတာလို့ ဖွင့်ဟလာပါတယ်။br br ရှမ်း- မြန်မာ သွေးနှောတစ်ယောက်အဖြစ် မြန်မာပြည်မှာမွေးပြီး ဂျပန်ပြည်မှာ အခြေချတဲ့ နန်းဟပ်ခေး ကာရိုက်တာဟာ သူ့အတွက်တာဝန်ကြီးသလို တော်တော်လည်းခက်ခဲခဲ့တယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။br br ဇာတ်ကားထဲမှာ ဂျပန်စကားကို အများကြီးပြောခဲ့ရတဲ့ ဝတ်မှုံရွှေရည်က ဂျပန်စ ကားကို ရိုက်ကူးနေချိန်အ တွင်းမှာပါ သင်ယူခဲ့ရတာလို့ ဆိုပါတယ်။br br ဂျပန်လူမျိုးတွေအတိုင်း အသံထွက်နိုင်ဖို့ အချိန်တိုအတွင်း အများကြီးကြိုးစားခဲ့ရသလို ပရိသတ်တွေ နားလည် ပါလို့လည်း ဝတ်မှုံရွှေရည်ကပြောပါတယ်။br br ဇာတိမြေဇာတ်ကားဟာ ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးရဲ့သုံးပုံနှစ်ပုံကို ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်တာကိုတော့ ရန်ကုန်နဲ့ ရှမ်းပြည်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။br br ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကြည်ဖြူသျှင်က ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင် အောင်ရဲလင်း၊ အကယ်ဒမီရဲအောင်၊ မိုရီဆာကီဝင်း၊ အကယ်ဒမီဝတ်မှုံရွှေရည်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။br br ရုပ်သံသတင်းထောက် - အေးမြတ်


User: အကောင်းဆုံးဗီဒီယို

Views: 2

Uploaded: 2018-08-02

Duration: 02:57

Your Page Title