ေအာင္ရဲေထြးအမႈ အေ႐ွ႕ပိုင္းခ႐ိုင္ တရားရံုးကို အမႈတြဲ အျမန္တင္ပို႔မယ္စက္တင္ဘာ ၂၄၊ ၂၀၁၈သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုး

ေအာင္ရဲေထြးအမႈ အေ႐ွ႕ပိုင္းခ႐ိုင္ တရားရံုးကို အမႈတြဲ အျမန္တင္ပို႔မယ္စက္တင္ဘာ ၂၄၊ ၂၀၁၈သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုး

ေအာင္ရဲေထြးအမႈ အေ႐ွ႕ပိုင္းခ႐ိုင္ တရားရံုးကို အမႈတြဲ အျမန္တင္ပို႔မယ္br br စက္တင္ဘာ ၂၄၊ ၂၀၁၈br br သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုးက ခ်မွတ္ခဲ့တဲ့ လႊတ္ေပးမိန္႔ကို ပယ္ဖ်က္ၿပီး အေ႐ွ႔ပိုင္းခ႐ိုင္ တရားရံုးမွာ ျပန္လည္စစ္ေဆးဖို႔ ဒီေန႔ေန႔လည္ပိုင္းက အမိန္႔ခ်မွတ္လိုက္ပါတယ္။br br ႏိုင္ငံေတာ္ ၿငိမ္ဝတ္ပိျပားေရးရ႐ွိေစဖို႔နဲ႔ အလားတူ အမႈမ်ိဳး ထပ္မံ မျဖစ္ပြားေစဖို႔ အခုလိုအမိန္႔ခ်မွတ္လိုက္တာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ ဒုတိယ ၫြန္ၾကားေရးမွဴ း ျပန္ၾကားေရးအရာ႐ွိ ေဒၚႏြဲ႕ႏြဲ႕ဦးက ေျပာပါတယ္။br br အမႈတြဲကို ခ႐ိုင္ရံုးကို အျမန္ဆံုး ျပန္လည္ ေပးပို႔သြားမယ္လို႔လည္း သိရပါတယ္။br br အမႈနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုခံထားရသူ ၃ ဦးကို ခ႐ိုင္ရံုးကေနမွ ဥပေဒအရ ျပန္လည္အေရးယူသြားမယ္လို႔ သိရပါတယ္။br br လြန္ခဲ့တဲ့ ဒီဇင္ဘာလ ႏွစ္သစ္ကူးညမွာ သ႐ုပ္ေဆာင္ေအာင္ရဲေထြးကို သားႀကီး ခ သန္းထြဋ္ေအာင္ အပါ ၃ ဦးက ႐ိုက္ႏွက္ခဲ့ၾကတာေတာ့ အဲ့ဒီဒဏ္ရာေတြနဲ႔ပဲ ေဆးရံုအေရာက္မွာ ေသဆံုးသြားခဲ့ရတာ ျဖစ္ပါတယ္။br br အဲဒီအတြက္ သားႀကီး ခ သန္းထြဋ္ေအာင္ အပါ သံုးဦးကုိ လူသတ္မႈ နဲ႔ တရားစြဲဆိုထားၿပီး ၊ ရံုးခ်ိန္းစစ္ေဆးေနစဥ္မွာပဲ တရားလိုဘက္က အမႈ႐ုတ္သိမ္းခဲ့တာေၾကာင့္ အမႈကေန ကြင္းလံုးကြၽတ္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ br br ရုပ္သံသတင္းေထာက္ - ယဥ္မြန္br ===============================================br (Unicode)br br အောင်ရဲထွေးအမှု အရှေ့ပိုင်းခရိုင် တရားရုံးကို အမှုတွဲ အမြန်တင်ပို့မယ်br br စက်တင်ဘာ ၂၄၊ ၂၀၁၈br br သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးက ချမှတ်ခဲ့တဲ့ လွှတ်ပေးမိန့်ကို ပယ်ဖျက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပြန်လည်စစ်ဆေးဖို့ ဒီနေ့နေ့လည်ပိုင်းက အမိန့်ချမှတ်လိုက်ပါတယ်။br br နိုင်ငံတော် ငြိမ်ဝတ်ပိပြားရေးရရှိစေဖို့နဲ့ အလားတူ အမှုမျိုး ထပ်မံ မဖြစ်ပွားစေဖို့ အခုလိုအမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယ ညွန်ကြားရေးမှူ း ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးက ပြောပါတယ်။br br အမှုတွဲကို ခရိုင်ရုံးကို အမြန်ဆုံး ပြန်လည် ပေးပို့သွားမယ်လို့လည်း သိရပါတယ်။br br အမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၃ ဦးကို ခရိုင်ရုံးကနေမှ ဥပဒေအရ ပြန်လည်အရေးယူသွားမယ်လို့ သိရပါတယ်။br br လွန်ခဲ့တဲ့ ဒီဇင်ဘာလ နှစ်သစ်ကူးညမှာ သရုပ်ဆောင်အောင်ရဲထွေးကို သားကြီး ခ သန်းထွဋ်အောင် အပါ ၃ ဦးက ရိုက်နှက်ခဲ့ကြတာတော့ အဲ့ဒီဒဏ်ရာတွေနဲ့ပဲ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။br br အဲဒီအတွက် သားကြီး ခ သန်းထွဋ်အောင် အပါ သုံးဦးကို လူသတ်မှု နဲ့ တရားစွဲဆိုထားပြီး ၊ ရုံးချိန်းစစ်ဆေးနေစဉ်မှာပဲ တရားလိုဘက်က အမှုရုတ်သိမ်းခဲ့တာကြောင့် အမှုကနေ ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ br br ရုပ်သံသတင်းထောက် - ယဉ်မွန်


User: အကောင်းဆုံးဗီဒီယို

Views: 1

Uploaded: 2018-09-26

Duration: 01:13

Your Page Title