ကျောက်ဝမ်ဝမ်ကို စိုးလင်းဦးက ဘယ်လိုအနိုင်ယူခဲ့လဲ စက်တင်ဘာ-၃၀၊၂၀၁၈ စိုးလင်းဦးကို အလဲထိုးအနိုင်ယူမယ်လို့ ကြွေးကြော်ထားတဲ့ တရုတ်ကစ်ဘောင်ဆင်ချန်ပီယံ ကျောက်ဝမ်ဝ

ကျောက်ဝမ်ဝမ်ကို စိုးလင်းဦးက ဘယ်လိုအနိုင်ယူခဲ့လဲ စက်တင်ဘာ-၃၀၊၂၀၁၈ စိုးလင်းဦးကို အလဲထိုးအနိုင်ယူမယ်လို့ ကြွေးကြော်ထားတဲ့ တရုတ်ကစ်ဘောင်ဆင်ချန်ပီယံ ကျောက်ဝမ်ဝ

ကျောက်ဝမ်ဝမ်ကို စိုးလင်းဦးက ဘယ်လိုအနိုင်ယူခဲ့လဲ br br စက်တင်ဘာ-၃၀၊၂၀၁၈br br စိုးလင်းဦးကို အလဲထိုးအနိုင်ယူမယ်လို့ ကြွေးကြော်ထားတဲ့ တရုတ်ကစ်ဘောင်ဆင်ချန်ပီယံ ကျောက်ဝမ်ဝမ်ကို စိုးလင်းဦးက အနိုင်ယူလိုက်ပါတယ်။br br စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မှာကျင်းပတဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီရှစ်ပြိုင်ပွဲရဲ့ အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင်ထိုးသတ်တဲ့အခါမှာ ကျောက်ဝမ်ဝမ်ဟာ စိုးလင်းဦးရဲ့ အလဲထိုးခံလိုက်ရတာပါ။br br ပွဲစစချင်းနှစ်ဦးသား တိုက်စစ်ဖွင့်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယအချီ တစ်မိနစ်နဲ့ စက္ကန့် ၂၀ မှာ ကျော်ဝမ်ဝမ်ဟာ စိုးလင်းဦးရဲ့ အလဲထိုးခြင်းကို ခံခဲ့ရပြီး ခြေထောက်ဒဏ်ရာရှိကာ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။br br လာမယ့် အောက်တိုဘာလမှာ စိုးလင်းဦးဟာ မွှေထိုင်းက ထိုင်းလက်ဝှေ့ချန်ပီယံတစ်ဦးနဲ့လည်း ယှဉ်ပြိုင်ထိုးသတ်သွားဦးမှာဖြစ်ပါတယ်။br br အဲဒီ ထိုင်းလက်ဝှေ့သမားဟာ လွန်ခဲ့တဲ့လေးနှစ်က စိုးလင်းဦးနဲ့ထိုးရာမှာ ရှုံးခဲ့ဖူးသူဖြစ်ပြီး ပြန်လည်စိန်ခေါ်တဲ့အတွက် ထိုးရခြင်းဖြစ်တယ်လို့ စိုးလင်းဦးကဆိုပါတယ်။br br ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဒုတိယစိန်ခေါ်ပွဲမှာတော့ br လိုက်ဝါယ်တာဝိတ်တန်း မြန်မာပြည်ချန်ပီယံ ကျော်ဇင်လတ်ဟာ စောထူးအောင်ကို ပထမအချီမှာပဲ ရှုံးနိမ့်သွားခဲ့ပြီး ချန်ပီယံဘွဲ့ကို စောထူးအောင်ကို လွှဲအပ်ပေးခဲ့ရတာပါ။br br တခြားပွဲစဉ်တွေမှာတော့ သပြေညိုဟာ ဥဇဘက်ကစ္စတန်နိုင်ငံသား ဆူးခရော့်ခ်ကို တတိယအချီမှာ အလဲထိုးအနိုင်ယူခဲ့ပြီး မိုက်ရိုင်းကတော့ ကမ္ဘောဒီးယားနိုင်ငံသား လက်ဝှေ့သမားကို အမှတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။br br ၆ ကြိမ်မြောက်ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ တွဲဆိုင်း ၈ ဆိုင်းနဲ့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာပါ။br br ရုပ်သံသတင်းထောက် - စောအောင်မင်းဦး


User: နယူးဗီဒီယို

Views: 5

Uploaded: 2018-10-02

Duration: 03:06

Your Page Title