Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု စစ်ဆေး

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု စစ်ဆေး

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု စစ်ဆေးbr *******************br Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်တရားရုံးတွင် ဇန်နဝါရီ ၂၈ ရက်၊ နံနက်ပိုင်းက စစ်ဆေးမှုပြုလုပ်စဉ်။ br br ယခုရုံးချိန်းတွင် တရားလိုဘက်မှ သက်သေအဖြစ်ထွက်ဆိုရန်ကျန်ရှိသော လိုပြသက်သေ ဆရာတော် ဦးဝီရသူ နှင့် မဟာအောင်မြေသံဃာ့မဟာနာယကဥက္ကဋ္ဌဆရာတော်တို့အား မဟာအောင်မြေမြို့နယ်သံဃာ့မဟာ နာယက ရုံးခန်းတွင်လာရောက်ကာ အမှုစစ်ဆေးရန် လျှောက်ထားမှုကို မြို့နယ်တရားရုံးမှ ပယ်ချခဲ့သည့်အပေါ် တရားလိုဘက်မှ မကျေနပ်သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်တင်ခဲ့သည်။br br ထို့ကြောင့် မြို့နယ်တရားရုံးတွင် မစစ်ဖြစ်တော့ဘဲ ခရိုင်တရားရုံးတွင် အမှုကို စစ်ဆေးမည်ဖြစ်ကာ နောက်ရုံးချိန်း အဖြစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း ကိုဆွေဝင်း၏ရှေ့နေထံမှ သိရသည်။ အဆိုပါ အမှုသည် ယခုရုံးချိန်းအပါအဝင် ရုံးချိန်းပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး ကြာမြင့်ချိန် ၁ နှစ်နှင့် ၇ လကျော်ပြီဖြစ်သည်။br ရိုက်ကူး ဘိုဘို မဇ္ဈိမbr br #ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


User: Mizzima TV

Views: 1

Uploaded: 2019-01-28

Duration: 02:42