Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် မတ်လ ၁၁ ရက် နံနက်ပိုင်းက စစ်ဆေးမှုပြုလုပ်ရန် ရုံးချိန်းလာရောက်ကြစဉ်။br br ယခုရုံးချိန်းတွင် တရားလိုဘက်မှ သက်သေအဖြစ်ထွက်ဆိုရန် ကျန်ရှိသော လိုပြသက်သေ ဆရာတော်ဦးဝီရသူ နှင့် မဟာအောင်မြေသံဃာ့မဟာနာယကဥက္ကဋ္ဌဆရာတော်တို့အား မဟာအောင်မြေမြို့နယ်၊ သံဃာ့မဟာနာယကရုံးခန်းတွင် လာရောက်အမှုစစ်ဆေးရန် လျှောက်ထားမှုကို ခရိုင်တရားရုံးမှ ပယ်ချခဲ့သည့် အတွက် မြို့နယ်တရားရုံးသို့ အမှုတွဲ ပြန်လည်ရောက်ရှိလာသည်။ တရားလိုဘက်မှ သက်သေအဖြစ် ထွက်ဆိုရန်ကျန်ရှိသော လိုပြသက်သေတစ်ဦးဖြစ်သူ မဟာအောင်မြေ သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်က သက်သေအဖြစ်မှ ထုတ်ပယ်ပေးရန် တရားရုံးသို့ စာတင်ထားကြောင်း နှင့် နောက်ရုံးချိန်းကို မတ်လ ၂၅ ရက်၊၂၆ ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း ကိုဆွေဝင်းဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေထံမှ သိရသည်။br br အဆိုပါအမှုသည် ယခုရုံးချိန်းအပါအဝင် ရုံးချိန်းပေါင်း ၅၀ ကျော်ပြီဖြစ်ပြီး ကြာမြင့်ချိန် ၁ နှစ်နှင့် ၇ လကျော်ပြီ ဖြစ်သည်။br ရိုက်ကူး ဘိုဘို မဇ္ဈိမbr #ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


User: Mizzima TV

Views: 1

Uploaded: 2019-03-11

Duration: 03:47