သတင်းရယူခွင့် ကန့်သတ်ခံရမှု မကွေးတိုင်းက သတင်းသမားတို့ အစိုးရကို စာပို့

သတင်းရယူခွင့် ကန့်သတ်ခံရမှု မကွေးတိုင်းက သတင်းသမားတို့ အစိုးရကို စာပို့

သတင်းရယူခွင့် ကန့်သတ်ခံရမှု မကွေးတိုင်းက သတင်းသမားတို့ အစိုးရကို စာပို့br **************************************br သတင်းရယူခွင့်များ ပိတ်ပင်ခံနေရသည်ဟု ဆိုကာ မကွေးတိုင်းအခြေစိုက် သတင်းသမား (၃၀) ဦး က တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့ထံ တင်ပြစာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။br br မတ် ၁၃ ရက်နေ့က မကွေးမြို့ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သော အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ် ရှင်းလင်းပွဲသို့ လာရောက်သတင်းယူကြစဉ် ကန့်သတ်ခံရမှုများ ရှိခဲ့မှုအပေါ် ရည်ရွယ်၍ ယင်းကိစ္စအား ကန့်ကွက်ကြောင်းနှင့် ပိတ်ပင်မှု မရှိစေရန်တို့အတွက် မတ်လ ၁၅ ရက်နေ့က ထိုသို့ ပေးပို့ခဲ့ခြင်းဟု အဆိုပါသတင်းသမားများက ပြောသည်။br br ထိုစာ၏ မိတ္တူအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးနှင့် တိုင်း ပြန်ဆက်ဦးစီးမှူးတို့ထံသို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ပြီး ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။br br သတင်း - တင်ရွှေ (မဇ္ဈိမ)br br သတင်းအအပြည်ံအစုံ-#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


User: Mizzima TV

Views: 1

Uploaded: 2019-03-18

Duration: 01:52

Your Page Title