မလိခစိုးထိုက်အောင် ရိုက်ကူးပုံဖော်ထားတဲ့ “အဆောင်” ရုပ်သံဇာတ်လမ်းတွဲ

မလိခစိုးထိုက်အောင် ရိုက်ကူးပုံဖော်ထားတဲ့ “အဆောင်” ရုပ်သံဇာတ်လမ်းတွဲ

ဒါရိုက်တာ အကယ်ဒမီ မလိခစိုးထိုက်အောင် ရိုက်ကူးပုံဖော်ထားတဲ့ “အဆောင်” ရုပ်သံဇာတ်လမ်းတွဲကို လာမဲ့ ဇွန်လ ၁ ရက်နေ့က စတင်ပြသတော့မှာပါ။br br ဆုထက်ကုဋေနဲ့ မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်တဲ့ ညိမ်းသော်၊ မေစီမေ၊ ဖြိုးပပထူး၊ ဆုရည်ထက်၊ ဟိန်းဇာနည်ခိုင်၊ သဲသဲစုငြိမ်း၊ စဝ်ယွန်းဝတီဦး၊ ဆုထက်နှင့် ရွှန်းယမုံတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ညွှန်းကိုတော့ မယ်ခိုင်၊ ရွှေပြည့်နဲ့ ဆုသြချယ်တို့က ရေးသားထားတာပါ။br br ထိန့်လိတ်ခြောက်ခြားဖွယ်၊ လောကီအစီအရင်များ၊ ပရလောကနှင့် ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ အဲ့ဒီဇာတ်လမ်းတွဲအပိုင်း(၁) ကို အပတ်စဉ် စနေနေ့တိုင်း Fortune TV Channel ပြသသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ အဆောင်ရုပ်သံဇာတ်လမ်းတွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့ The Yangon Gallery မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။br ရိုက်ကူးတည်းဖြတ် - ဖူးအိအိနွယ်br #ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမbr br br br


User: Mizzima TV

Views: 1

Uploaded: 2019-05-23

Duration: 03:17

Your Page Title