ပုဂံရှေးဟောင်းဇုန်ထဲက ဟိုတယ်တွေရွှေ့ပြောင်းရတော့မှာလား

ပုဂံရှေးဟောင်းဇုန်ထဲက ဟိုတယ်တွေရွှေ့ပြောင်းရတော့မှာလား

ပုဂံရှေးဟောင်းဇုန်ထဲက ဟိုတယ်တွေရွှေ့ပြောင်းရတော့မှာလားbr *****************************br ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ရှေးဟောင်းဇုန်ထဲတွင် ရှိနေသည့် ဟိုတယ်များ ပြောင်းရွှေ့ပေးရေး ကိစ္စသည် အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။br br ပုဂံကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း ယူနက်စကိုက ဇူလိုင် ၆ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ခံရသည့် နယ်မြေတွင် ဘုရားစေတီများ ရှေးဟောင်းအုတ်ကျောင်းများနှင့် လူနေရပ်ကွက်တချို့လည်းပါဝင်သည်။br br ပုဂံဒေသ ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်များ လိုအပ်သော်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက် နိုင်ခြေရှိသည့် ရှေးဟောင်းဇုန်ထဲကိုရောက်နေသော ဟိုတယ်ကြီးတချို့ကို ပြောင်းရွှေ့ပေးရန် ယူနက်စကိုဘက်က ပြောဆိုထားသည်။br br ရိုက်ကူး တင်ဆက် - စိုးသူအောင်


User: Mizzima TV

Views: 0

Uploaded: 2019-07-19

Duration: 06:48

Your Page Title