သဲဖြူကုန်းတောင်ပြိုမှု မြေတူးခြင်းကြောင့်ဟု ဆို (ရုပ်/သံ)

သဲဖြူကုန်းတောင်ပြိုမှု မြေတူးခြင်းကြောင့်ဟု ဆို (ရုပ်/သံ)

ဧရာဝတီ၊ သြဂုတ် ၁၂ ၊ ၂၀၁၉br br မွန်ပြည်နယ်တွင် မိုးသည်ထန်စွာ ရွာသွန်းခဲ့ရာမှ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်သည် သြဂုတ် ၉ ရက်နေ့က တောင်မြေသားနံရံများ ပြိုကျခဲ့ခြင်းမှာ တောင်အောက်ခြေကို ဖြတ်တောက်ထားမှုကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပါတယ်။br br တောင်မြေသားနံရံ မြေပြိုမှုကြောင့် နေအိမ်၂၇ လုံးနှင့် မော်တော်ယာဉ် ၁၀ စီးနီးပါး မြေဖုံးလွှမ်းခဲ့ကာ ဒဏ်ရာရရှိသူ ၄၇ ဦးနှင့် လက်ရှိအချိန်ထိ သေဆုံးသူအလောင်း ၅၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။br br မြေဖုံးဧရိယာအတွင်း နေထိုင်သူဦးရေ ၁၆၉ ဦးရှိကာ အချို့မှာ ဒဏ်ရာမရရှိဘဲ လွတ်မြောက်ခဲ့ကြပြီး အချို့မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။br br ရိုက်ကူး တည်းဖြတ်- ဥာဏ်စိုးဝင်း


User: irrawaddynews

Views: 4

Uploaded: 2019-08-12

Duration: 04:58