2019 Myanmar Gospel Skit (သင်းအုပ်ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်)

2019 Myanmar Gospel Skit (သင်းအုပ်ဆရာရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်)

ယန်ရှင်မင်သည် ဂိုဏ်းဂဏတစ်ခုရှိ အမှုတော်ထမ်းဆောင်သူဖြစ်ပြီး သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း သတ်မှတ်ပြီးနောက် သူ၏ ညီအစ်ကို မောင်နှမများအား အနန္တတန်ခိုးရှင်ဘုရားသခင်အား ယုံကြည်ရန် လမ်းညွှန်ပေးသည်။ ဤအခြင်းအရာသည် သူ၏ သင်းအုပ်ဆရာအား စိတ်မကြည်မသာဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ၏ သင်းအုပ်ဆရာသည် သူ့အား သွေးဆောင်ရန်အတွက် ရာထူးအဆင့်အတန်း၊ ငွေတို့ကို အသုံးချပြီး ယန်ရှင်မင်းအား စစ်မှန်သည့်လမ်းကို စွန့်လွှတ်ဖို့ ခြိမ်းခြောက်ရန်အတွက် သူ့သား၏ မင်္ဂလာဆောင်ကိုလည်း အသုံးချခဲ့သည်။ သူ့သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက်တို့ကို ရင်ဆိုင်ရသည့်အခါ ယန်ရှင်မင်သည် နောက်ဆုံး၌ မည်သို့ဆုံးဖြတ်မည်နည်း။ ကျွနု်ပ်တို့သည် သခင်ကြွလာခြင်းအား ကြိုဆိုရမည့် ဤအရေးကြီးလှသည့် အချိန်တွင် ဤသင်းအုပ်ဆရာသည် ယုံကြည်သူများ စစ်မှန်သည့်လမ်းကို ရှာဖွေခြင်းအား အဘယ်ကြောင့် ပိတ်ပင်သနည်း။ သင်းအုပ်ဆရာ၏ “ကောင်းမွန်သည့်” ရည်ရွယ်ချက် ဇာတ်လမ်းတိုသည် ဤအကြောင်းအရာ၏ သမ္မာတရားကို သင်နားလည်စေရန် ကူညီပေးသည်။br br ခရစ်ယာန်ရုပ်ရှင်ကိုဝေမျှခြင်းbr ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလားbr br br အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။


Your Page Title