ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

အနန္တတန်ခိုးရှင် ဘုရားသခင်ပြောသည်- “‘ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း’ နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသောကြိုးမျှင် တို့ဖြင့် ခွဲခြား၍မရနိုင်အောင် ဆက်သွယ်ထားပါသည်။ ထို့ပြင် ယင်းတို့နှစ်ခုအကြား ဆက်သွယ်မှုမှာ ကိုယ်တိုင်သက်သေပြနေခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် မကောင်းမှုကို ရှောင်ကြဉ်လိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့လိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်အကြောင်း အသိပညာအမှန် ရှိရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်အကြောင်း အသိပညာအမှန် ရှိလိုပါက ထိုသူသည် ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တွေ့ကြုံရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစစ်အမှန်တရားကို မွေ့လျော်ကာ၊ ဘုရားသခင်၏ ကျိုးနွံအောင် ဆုံးမခြင်းနှင့် စည်းကမ်း၊ ပြစ်ဒဏ်ခတ်ခြင်းနှင့် တရားစီရင်ခြင်း တို့ကို တွေ့ကြုံရပါလိမ့်မည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တွေ့ကြုံလိုပါက ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဦးစွာ တေ့တေ့ဆိုင်ဆိုင် ဆုံရမည်။ ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်။ ထို့နောက် လူသားများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင် အမျိုးမျိုးတို့အကြောင်း ရေးထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရန်၊ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းပန်ရမည်။ အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံတွေ့ချင်ပါလျှင် ဦးစွာ ထိုသူသည် ရိုးရှင်းသော၊ ဖြောင့်မတ်သော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဒုက္ခများကို သည်းညည်းခံနိုင်သည့် စိတ်ဆန္ဒ၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံလူသား ဖြစ်လာရန်ဟူသော ပြင်းပြသည့် ရည်မှန်းချက်တို့ကို ပိုင်ဆိုင်ရပါမည်။...


User: The Church of Almighty God is my true family

Views: 2

Uploaded: 2019-08-25

Duration: 59:02

Your Page Title