အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ၏စကားများဖြင့် အရာခပ်သိမ်း ဖြစ်မြောက်အောင်မြင်လိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်ရ၊ မည်သည့်လူသားမျှလည်း ငါလုပ်ဆောင်မည့်အမှုကို မလုပ်နိုင်ပါ။ ငါသည် နိုင်ငံအားလုံး၏ လေထုကို လုံးဝသန့်စင်ပြီး ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးတို့ကို အစအနမကျန် အားလုံး ပပျောက်စေမည်။ ငါသည် စတင်လိုက်ပြီဖြစ်ပြီး အဆင်းနီသောနဂါးကြီး နေသည့်နေရာတွင် ငါ၏ဆုံးမသည့်အလုပ် ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် ခပ်သိမ်းသော နိုင်ငံများကို ကြည့်သဖြင့် စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏အဆုံးအမ ကျရောက်ကြောင်းနှင့် အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသောနတ်မျိုးစုံတို့ ငါ၏အဆုံးအမမှ လွတ်မြောက်နိုင်စွမ်း မရှိကြောင်းကို တွေ့နိုင်သည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါ၊ ငါသည် အဆင်းနီသောနဂါးကြီးကို စနစ်တကျ ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ဆုံးမမှုကို တွေ့လိမ့်မည်။ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို သွန်းလောင်းပြီး ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏သန့်ရှင်းသော နာမတော်ကို အစဉ်ချီးကျူးထောမနာပြုလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို စနစ်တကျ ထမ်းဆောင်ပြီး အတိုင်းတိုင်းအပြည်ပြည်တွင် ငါ့ကို အစဉ်အမြဲ တရားဝင် ချီးမွမ်းလိမ့်မည်။”br br အသိပညာမျာ:br အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံbr br အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။


Your Page Title