တရုတ်-မြန်မာဆက်ဆံရေးလေ့လာရာတွင် အထောက်အပံ့ရရန် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်

တရုတ်-မြန်မာဆက်ဆံရေးလေ့လာရာတွင် အထောက်အပံ့ရရန် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်

တရုတ်-မြန်မာဆက်ဆံရေးလေ့လာရာတွင် အထောက်အပံ့ရရန် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်br *******************************br br တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာသည့်အခါ အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးနှင့် မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များအား တစ်စုတစ်စည်းတည်းဝင်ရောက်ကြည့်ရှုနိုင်မည့် ISP China Desk ဝက်ဘ်ဆိုက် မိတ်ဆက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁၄ရက်နေ့က ဝန်ကြီးများရုံးတွင် ပြုလုပ်ခဲ့သည်။br br "ကျွန်မတို့ရဲ့ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ပထမဆုံးကတော့ တရုတ်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးနိုင်ဖို့ပါ။ ဒုတိယတစ်ခုကတော့ ဒီပေါ်မှာမူတည်ပြီးတော့မှ သတင်းအချက်အလက်ရရှိမှုပေါ်မှာ မူတည်ပြီးတော့မှ ပိုပြီးတော့ ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ဒီကနေပြီးတော့မှ တစ်ဆင့် မူဝါဒ အကြံပြုချက်ရေးဆွဲမှုတွေကတစ်ဆင့် ဘက်မညီတဲ့ တရုတ်-မြန်မာဆက်ဆံရေးကို အတတ်နိုင်ဆုံး ကိုယ့်ဘက်ကနေ အားသာချက်တွေရရှိဖို့မျှော်လင့်ပါတယ်" ဟု ISP China Desk မှ အယ်ဒီတာချုပ်ဖြစ်သူ မခင်ခင်ကျော်ကြီးက ပြောသည်။br br သတင်းအပြည့်စုံ - ရိုက်ကူးတည်းဖြတ် - လာဘ်ရတနာဗိုလ်


User: Mizzima TV

Views: 7

Uploaded: 2019-12-14

Duration: 02:41